ကျိုင်းတုံမြို့၊ အမှတ်-(၃) အခြေခံပညာအထက်တန်းကျောင်းခွဲတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

(၂၃-၆-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီမှူးရုံးမှ တာဝန်ရှိသူများသည် ကျိုင်းတုံမြို့၊ အမှတ်-(၃) အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျောင်းသား/ကျောင်းသူများအနေဖြင့် သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက လိုက်နာရမည့် ဆောင်ရန်/ရှောင်ရန်ကိစ္စများ၊ ကြိုတင်ကာကွယ်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်းနှင့် တုံ့ပြန်ခြင်းဆိုင်ရာ အသိပညာဗဟုသုတရရှိစေရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲနှင့် သရုပ်ပြလေ့ကျင့်မှုများဆောင်ရွက်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ကျောင်းသား/ သူများနှင့် ဆရာ/ ဆရာမများ၊ စုစုပေါင်းလူဦးရေ (၄၅၇) ဦးတက်ရောက်ခဲ့ပြီး လက်ကမ်းစာ စောင်များလည်းဝေငှပေးခဲ့ဲကြောင်း သိရှိရပါသည်။                   

Sign Up

Upcoming Events