မော်လိုက်မြို့နယ်၊ မိုးကောင်းကျေးရွာ၊ မော်လိုက်တပ်နယ် ၊ အ.လ.က ကျောင်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

(၂၃-၆-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီမှူးရုံး မှ တာဝန်ရှိသူများသည် မော်လိုက်မြို့နယ်၊ မိုးကောင်းကျေးရွာ၊ မော်လိုက်တပ်နယ် ၊ အ.လ.က ကျောင်း၌ ကျောင်းသား/ကျောင်းသူများအနေဖြင့် သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက လိုက်နာရမည့် ဆောင်ရန်/ရှောင်ရန်ကိစ္စများ၊ ကြိုတင်ကာကွယ်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်းနှင့် တုံ့ပြန်ခြင်းဆိုင်ရာ အသိပညာဗဟုသုတရရှိစေရေးအတွက် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲအား နံနက်(၁ဝးဝ၀)မှ(၁၁း၃၀)နာရီအချိန်ထိကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲ သို့ ကျောင်းသား/ သူများနှင့် ဆရာ/ ဆရာမများ၊ စုစုပေါင်းလူဦးရေ (၁၆၅) ဦးတက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များလည်းဝေငှပေးခဲ့ဲကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events