လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၄-၂၀၂၀) ရက်နေ့၊ (၁၁:၀၀) နာရီအချိန်မှ (၁၆:၃၀) နာရီအချိန်ထိ စစ်တွေမြို့ပေါ်ရပ်ကွက်များ၌ COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့်ပတ်သက်၍ အသိပညာပေးခြင်းများကို မနက် (၁) ကြိမ်၊ ညနေ (၁) ကြိမ် ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#rke_apr2020
Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)