တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ချမ်းဖန်းကျေးရွာ အ.လ.က (ခွဲ) ကျောင်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း

ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ကော့သောင်းမြို့နယ် ချမ်းဖန်းကျေးရွာ အ.လ.က ( ခွဲ) ၌ (၂၂-၆-၂၀၁၆) ရက်နေ့တွင် ပြုလုပ်ခဲ့ရာ ဆရာ/ ဆရာမ အပါအဝင် ကျောင်းသား/သူ (၄၂၀) ဦးခန့် တက်ရောက်ခဲ့ပါသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အကြောင်း အရာများနှင့် စပ်လျဉ်း၍ ကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်ရေးအသိများ ဟောပြောခဲ့ကြောင်း သတင်းရရှိပါ သည်။

Sign Up

Upcoming Events