ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို မိုင်းဖြတ်မြို့ အ.မ.က (ဝမ်ဟွေ) ကျောင်း၌ (၂၂-၆-၂၀၁၆) ရက်နေ့တွင် ပြုလုပ်ခဲ့ရာ ဆရာ/ ဆရာမ အပါအဝင် ကျောင်းသား/သူ (၇၀) ဦးခန့် တက်ရောက်ခဲ့ပါ သည်။ အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မိုင်းဖြတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ) ဦးစီးမှူး ဒေါ်အေးငြိမ်းစံမှ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အကြောင်း အရာများနှင့် စပ်လျဉ်း၍ ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။