COVID -19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဟောပြောမှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၄-၂၀၂၀) ရက်နေ့၊ (၀၉း၀၀) နာရီအချိန်မှ (၁၂း၀၀)နာရီအချိန်ထိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျေးလက်ကျန်းမာရေး ဌာနတို့နှင့် အတူပူးပေါင်း၍ မော်လမြိုင်ကျွန်းမြို့နယ်၊ ကျွန်းကလေးကျေးရွာအုပ်စုအတွင်းရှိ ကျုံလတာ ကျေးရွာ၊ ကျွန်းကြားကြီးကျေးရွာ၊ ကျွန်းကြားလေးကျေးရွာနှင့် လမုတောကျေးရွာတို့၌ ဌာနမှ ပေးပို့ထားသော Covid-19နှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်အသံဖိုင်ဖြင့်လည်းကောင်း၊ Hand Speaker ၊ Loud Speaker များဖြင့်လည်းကောင်း လှည့်လှည်၍ အသိပညာပေးလုပ်ဆောင်မှုများ ပြုလုပ်ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: မော်လမြိုင်ကျွန်းမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

#ar
#ayy _apr2020

Sign Up

Upcoming Events