Covid-19 ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေး အသိပညာပေး လှည့်လည်နှိုးဆော်ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၆-၄-၂၀၂၀) ရက်နေ့တွင် မင်းဘူး(စကု)မြို့နယ်၊ ​ချင်းကုန်းကျေးရွာ၊ ​ရွှေ​ချောင်းကျေးရွာ၊ ​မြောင်းကြားကျေးရွာ၊ ဖြူးကုန်း​ကျေးရွာ၊ ​ကူးကျေးရွာ၊ ​ညောင်ကိုင်းကျေးရွာနှင့် ​လျှော်ဖြူ​တော​ကျေးရွာများအတွင်း Covid-19ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာ ဆောင်ရွက်ရမည့်အချက်များကို ​ခရိုင်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ကျေးရွာအုပ်ချုပ်​ရေးမှူးများ၊ ရပ်မိရပ်ဖများနှင့် ပူး​ပေါင်း၍ အသိပညာပေးဆော်ြသခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ar

#mgy_apr2020

Source:           မင်းဘူးခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events