Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေး လှည့်လည်နှိုးဆော်ခြင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ မြင်း​ခြံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ (၁၅-၄-၂၀၂၀) ရက်နေ့ (၁၇း၀၀)နာရီမှ စတင်ပြီး မြင်းခြံမြို့နယ်အတွင်းရှိ ရပ်ကွက်(၁၀)ရပ်ကွက်သို့ လှည့်လည်ပြီး COVID -19 ရောဂါကာကွယ်​​၊ ထိန်းချုပ်ရေးနှင့်ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း သင်္ကြန်ကာလ၌ မည်သည့်နည်းလမ်းနှင့်မျှ ရေကစား​ခြင်း မပြုလုပ်ရန်၊ ပြည်သူလူထုအနေ​​ဖြင့် မဖြ​စ်မ​နေ အပြင်ထွက်မည်ဆိုပါက COVID-19 ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး Maskများတပ်ဆင်ရန်နှင့် Maskများကို စျေးကွက်အတွင်း အလွယ်တကူမရနိုင်ပါက Homemade Maskများ တပ်ဆင်ရန် တို့အား အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

#ar

#mdy_apr2020

Source:           မြင်းခြံမြို့နယ်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events