ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်၊ အမှတ်(၅,၆,၇,၈,၉) ရပ်ကွက်၊ အလယ်ရွာ၊ ရိုးကြီးရွာ၊ ရိုးလေးရွာများ တွင်၎င်း၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်၊ နတ်စဉ်ကုန်းကျေးရွာအုပ်စု၊အဖျောက်ကျေးရွာအုပ်စု၊ ပိန္နဲကုန်း ကျေးရွာအုပ်စု၊ လက်ခိုက်ကျေးရွာအုပ်စု၊ လာဝတီကျေးရွာအုပ်စုတို့တွင်၎င်း Covid-19 အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါနှင့်ပတ်သက်၍ အများပြည်သူများသိရှိလိုက်နာရန်အချက်များအား ကွင်းဆင်း၍ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသော ဥပဒေများကိုလိုက်နာရန် အသိပေးကြေငြာချက်များအား (၁၅-၄-၂၀၂၀) ရက် နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ အရာထမ်း၊ အမှုထမ်းများသည် ရပ်ကွက်များအတွင်း သက်ဆိုင်ရာ ကျန်းမာရေးဉီးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ကြော်ငြာခြင်းများ ပြုလုပ်ခဲ့ ကြောင်း သိရှိရပါသည်။
#ar
#ygn_apr2020
Source: ညွှန်ကြားရေးမှူး၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)