လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟိုပန်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅- ၄ -၂၀၂၀) ရက်နေ့တွင် ဟိုပန်မြို့၊ မြို့မဈေးကြီး(ဒုတိယအကြိမ်)၊ ပန်ကောက်ကျေးရွာအုပ်စု(ကချင်ရွာ)တွင် အသက်ရှု လမ်းကြောင်းဆိုင်ရာကူးစက် ရောဂါ Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် သိရှိလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ကြိုတင်ကာကွယ်နိုင်ရေးပြည်သူသို့ပန်ကြား ချက်အသိပညာပေးမှု၊ မြန်မာဘာသာ၊ ဝဘာသာတို့ဖြင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#shn_apr2020
Source: ဟိုပန်ခရိုင်ဦးစီးမှူးရုံး(ဘစမ)