လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် (၁၅-၄-၂၀၂၀)ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်၊ (၅) ရပ်ကွက် နှစ်ခြင်းအသင်းတော်ရုံး IDPစခန်းနှင့် (၆)ရပ်ကွက်မူကြိုကျောင်းIDPစခန်းများသို့ လှည့်လည်ပြီး အသက်ရှုလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါ COVID-19နှင့် ပတ်သက်၍ ကြိုတင်ကာကွယ်နိုင်ရေး ပြည်သူသို့ ပန်ကြားချက်အသိပညာပေးမှုအား လက်ကိုင် စကားပြောစက်ဖြင့် လှည့်လည်ဟောပြောခြင်း၊ လက်ဆေးဆပ်ပြာများနှင့် Maskများ ဖြန့်ဝေခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။
#ar
#shn_apr2020
Source: ကွက်ခိုင်မြို့နယ်ဦးစီးမှူးရုံး(ဘစမ)