လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၅-၄-၂၀၂၀)ရက်နေ့ နံနက် (၀၈:၀၀) အချိန်မှ (၁၃:၀၀) အချိန်အထိ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေး စာရေးနှင့်အတူပူးပေါင်း၍ ပေတောကျေးရွာအုပ်စုရှိ ပေတောကျေးရွာ၊ ဆူးပုတ်ကုန်းကျေးရွာနှင့် ကဇွဲ ကျေးရွာ၊ ရွာသစ်ကြီးကျေးရွာအုပ်စုရှိ ရွာသစ်ကြီးကျေးရွာ၊ ချတောင့်ကျေးရွာနှင့် နဘဲကန်ကျေးရွာ တို့တွင် လှည့်လည်၍ Covid-19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်အချက်များအား အသိပညာ ပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
#ar
#mgy_apr2020
Source: ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)