လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၄-၂၀၂၀)ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက်၌ ဖြစ်ပွားသော မီးဘေးကြောင့် ဘေးသင့် အိမ်ထောင်စု(၂)စု၊ လူဦးရေ (၁၇)ဦးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ ( ၄၀၀,၀၀၀)ကျပ်၊ ဆန်ရိက္ခာဖိုးငွေ (၃၅,၇၀၀) ကျပ်၊ ဒဏ်ရာရလူနာ (၅) ဦးအတွက် (၁) ဦးလျှင် (၅၀,၀၀၀)ကျပ်နှုန်းဖြင့် (၂၅၀,၀၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၆၈၅,၇၀၀) ကျပ်တို့ကို (၁၅-၄-၂၀၂၀)ရက်နေ့ တွင် ခရိုင်မီးသတ်ဦးစီးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ မြို့မိမြို့ဖများနှင့်အတူ ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။
Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)