Covid-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရခိုင်ပြည်နယ်၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ခရိုင် / မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သံတွဲ မြို့နယ်သိမ်ကုန်းကျောင်းနာယကဆရာတော်၊ BHN Association INGO(ဂျပန်)၊ လူမှုဝန်ထမ်းဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၁၅- ၄- ၂၀၂၀)ရက်နေ့တွင် နံနက်(၀၅:၃၀)မှ(ဝ၇:၃၀)ထိ သံတွဲခရိုင်၊ သံတွဲမြို့၊ ဒွါရာဝတီ ဟင်းသီးဟင်းရွက် ပျံကျဈေးတွင်လည်းကောင်း၊ နံနက်(၁၀:၄၅)မှ (၁၁:၄၅)ထိ သံတွဲခရိုင်၊ ဂွမြို့နယ်၊ ဘိုကလေးကျေးရွာတွင်လည်းကောင်း၊ နေ့လည်(၁၂:၀၀)မှ(၁၂:၃၀)ထိ သံတွဲခရိုင်၊ ဂွမြို့နယ်၊ ရှောက်ကုန်းကျေးရွာတွင်လည်းကောင်း လှည့်လည်ပြီး ကိုရိုနာ ဗိုင်းရပ်စ်ရောဂါ ( Covid-19) ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ပန်ကြားချက်များအား ပြည်သူလူထုသို့ အသိပညာပေးလှည့်လည်ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရ ပါသည်။

#ar

#rke_apr2020

 

 

Source: သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events