လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၅–၄–၂၀၂၀) ရက်နေ့ (၁၇:၀၀)နာရီအချိန်မှစ၍ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ အမှတ် (၁)ရပ်ကွက်၊ ရွှေဝါထွန်းလမ်းမကြီး၊ ငဝန်ကျွန်းသာအလယ်လမ်းမကြီးတို့၌လည်းကောင်း၊ အမှတ် (၂)ရပ်ကွက်၊ ရွှေစည်းခုံ လမ်း၊ ဦးလူလမ်း၊ မင်းကြီးလမ်းတို့၌လည်းကောင်း၊ အမှတ် (၄)ရပ်ကွက်၊ မြေနုလမ်း၊ ကုန်သည်လမ်းတို့၌လည်းကောင်း၊ အမှတ် (၆)ရပ်ကွက်၊ ဗလီလမ်း၌လည်းကောင်း လတ်တလောနိုင်ငံအသီးသီးတွင်ကူးစက် ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက် ရောဂါနှင့်ပတ်သက်၍ ရပ်ကွက်နေပြည်သူများအား အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။
#ar
#ayy_apr2020
Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)