ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပုသိမ်မြို့ပေါ်ရှိ အ.ထ.က(၅) မှကျောင်းသား/သူ စုစုပေါင်း (၅၅၀)ဦး၊ အ.လ.က(၆) (အထက-ခွဲ)မှကျောင်းသား/သူ စုစုပေါင်း (၅၀၀)ဦး၊ အ.ထ.က(၄) မှကျောင်းသား/သူ စုစုပေါင်း (၃၀၀)ဦး၊ စုစုပေါင်းကျောင်းသား/သူ (၁၃၅၀)ဦးတို့အား (၂၂-၆-၂၀၁၆) ရက်နေ့တွင် သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ပြီး မီးဘေး၊ ရေဘေး၊ မုန်တိုင်းဘေး၊ ငလျင်ဘေး၊ ဆူနာမီဘေး၊ မြေပြိုဘေး၊ မိုကြိုးဘေး၊ မိုးခေါင်ရေရှားဘေး အန္တရာယ်အကြောင်းတို့အား ပုံစံငယ်များနှင့်အတူ ရှင်းလင်းဆွေးနွေးဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။