COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် မြဝတီခရိုင်ပြန်ဆက်တို့နှင့်ပူးပေါင်း၍ (၁၅-၄-၂၀၂၀) ရက်နေ့တွင် မြဝတီမြို့အတွင်း အမှတ်(၁၊ ၂၊ ၃၊ ၄၊ ၅) ရပ်ကွက်များနှင့် ရေပူကျေးရွာများ၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ပြည်သူများသိရှိလိုက်နာရန် အချက်များကိုအသိပညာပေးနှိုးဆော်ခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အသိပေးကြေညာချက်များ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဋ္ဌာနမှ ထုတ်ပြန်ထားသောဥပဒေများကို လိုက်နာရန် အသိပေးကြေညာချက်များကို အသိပညာပေးခြင်းတို့ ဆောက်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#krn_apr2020

Source:            မြဝတီခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events