လေဘေးသင့်ပြည်သူများအားထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် တနင်္သာရီမြို့နယ်၊ အရှေ့မော်တုန်းအုပ်စု၊ ကတဲလိပ်ကျေးရွာ၌ (၁၃-၄-၂၀၂၀)ရက်‌နေ့တွင် ဖြစ်ပွားခဲ့သောလေဘေးကြောင့် ပြိုလဲနေအိမ်(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငေွ (၁၀၀,၀၀၀/-) ကျပ်၊ ဘေးသင့်လူဦးရေ (၃)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆,၃၀၀/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆) မျိုး (၁)အိမ်ထောင်စုစာတို့ကို (၁၄-၄-၂၀၂၀) ရက်နေ့၊ (၀၉:၃၀) နာရီအချိန်တွင် ကြက်ခြေနီတပ်ဖွဲ့တို့​နှင့်အတူ သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_sgw

#tny_apr2020

Source:           တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events