COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၄-၂၀၂၀) ရက်နေ့တွင် မြောက်ဦးမြို့နယ်အတွင်းရှိ တိန်ညိုတိုက်ပွဲရှောင်စခန်း၊ တင်းထိန်ကန်တိုက်ပွဲရှောင်စခန်း၊ ပြလှတိုက်ပွဲရှောင်စခန်း၊ အောင်တပ်မြို့သစ် တိုက်ပွဲရှောင်စခန်း၊ သျှစ်သောင်းတိုက်ပွဲရှောင်စခန်း၊ မြတန်ဆောင်တိုက်ပွဲရှောင်စခန်းများ၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#rke_apr2020

Source:            မြောက်ဦးခရိုင်ဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events