COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီး ဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူးနှင့်တာဝန်ရှိသူများသည် (၁၄-၄-၂၀၂၀) ရက်နေ့၊ (၁၄:၀၀) နာရီအချိန်မှစ၍ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ အမှတ် (၇)ရပ်ကွက်၊ ရာမညလမ်းမကြီး၊ ရာမညလမ်းသွယ် (၈)လမ်း၊ ကုလားကုန်းဈေးလမ်းတို့၌ လည်းကောင်း၊ အမှတ်(၁၄)ရပ်ကွက်၊ ကျောက်စရစ်ကုန်းလမ်း၊ ဥမ္မာဒန္တီ (၁၄)လမ်းတို့၌လည်းကောင်း၊ အမှတ် (၅)ရပ်ကွက်၊ ပပဝတီလမ်း၊ မရမ်းချိုလမ်းတို့၌လည်းကောင်း၊ အမှတ် (၃)ရပ်ကွက်၊ သျှင်ပင်ဘုန်းပွင့်လမ်း၊ မင်းရပ်တန်းလမ်း၊ စကားဝါလမ်းမကြီးနှင့် ဦးပုညလမ်းတို့၌လည်းကောင်း COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသိပညာပေးနှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#ayy_apr2020

Source:            ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး(ဘစမ)

Sign Up

Upcoming Events