မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

 

လူမှုဝန်ထမ်း၊ ကယ်ဆယ်​ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ​ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ​​​ကျောက်ပန်း​တောင်းမြို့နယ်၊ ​​ပွေးကျစ် ကျေးရွာအုပ်စု၊ ​ပွေးကျစ် (မ)ကျေးရွာ၌ (၁၃ -၄-၂၀၂၀) ရက်နေ့၊ (၁၂:၄၅)အချိန်တွင် ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လုံးဝပျက်စီးနေအိမ်(၂)လုံး၊ အိမ်ထောင်စု(၂)စုမှ လူဦးရေ (၁၁) ဦးဘေးသင့်ခဲ့ရာ အဆိုပါ ဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀,၀၀ဝ/-) ကျပ်၊ ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၂၃,၁၀၀/-) ကျပ်နှင့် ကယ်ဆယ်​ရေးပစ္စည်း (၁၈)မျိုး (၂) အိမ်​ထောင်စာတို့ကို (၁၄-၄-၂၀၂၀)နေ့ (၁၀:၃၀) အချိန်တွင် ဘေးသင့်ပြည်သူများ၏ လက်ဝယ်အ​ရောက်သွားရောက်ထောက်ပံ့ပေးခဲ့ ကြောင်း သိရှိရပါသည်။

#ha_fir

#mdy_apr2020

 

 

Source: ​ညောင်ဦးခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events