Covid-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၄-၂၀၂၀) ရက်နေ့ (၁၀:၃၀)နာရီအချိန်မှ(၁၄:၀၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့နယ် တံတားဦကျေးရွာအုပ်စု၊ ထီတမူကျေးရွာ၊ ရွာကြီးပိုင်း ၊ ရွာလေးပိုင်း၊ တံတားဦးကျေးရွာ၊ မြောက်ပိုင်း/ တောင်ပိုင်း ၊ ငါးပျဥ်မကျေးရွာ၊ ဒင်္ဂါးဆိပ်ကျေးရွာနှင့် နန်းတောင်းကျေးရွာတို့တွင် COVID -19 ကူးစက် ရောဂါ နှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် ဗီနိုင်းပိုစတာကပ်ခြင်းတို့အားဆောင် ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: သထုံခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#mon_apr 2020

Sign Up

Upcoming Events