သံတွဲခရိုင်ဦးစီးမှူးရုံးမှ COVID 19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်‌ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊  ရခိုင်ပြည်နယ်၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်   ခရိုင် / မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊  သံတွဲမြို့နယ်၊ သိမ်ကုန်းကျောင်းနာယကဆရာတော်၊ BHN  Association INGO(ဂျပန်)နှင့်ပူးပေါင်း၍ (၁၃-၄-၂၀၂၀)ရက်နေ့တို့တွင် နံနက်(၀၈းဝ၀)အချိန်မှ(၀၉း၁၅)အချိန်ထိ သံတွဲခရိုင်၊ သံတွဲမြို့နယ်၊ ဇာဒီပြင်ကျေးရွာတွင် လည်းကောင်း၊ နံနက်(၁ဝး၃၀)အချိန်မှ(၁၁း၃၀)အချိန်ထိ သံတွဲခရိုင်၊ သံတွဲမြို့နယ်ကျောင်းတိုက်ကျေးရွာတွင်လည်းကောင်း လှည့်လည်ပြီး ကိုရိုနာဗိုင်းရပ်စ်ရောဂါ/ Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပန်ကြားချက်များအား ပြည်သူလူထုသို့အသိပညာပေးလှည့်လည် ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဝေငှဖြန့်ဝေပေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

#ar
#rke_apr2020

Sign Up

Upcoming Events