နမ့်စန်မြို့နယ်အတွင်း ဘေးသင့်ပြည်သူများအားထောက်ပံ့ပေးမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ‌ထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ လွိုင်လင်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၄-၂၀၂၀) ရက်နေ့တွင် လွိုင်လင်ခရိုင်၊ နမ့်စန်မြို့နယ်၊ မက်မွန်မုန်းကျေးရွာအုပ်စု၊ ကုန်းပုတ်ကျေးရွာ၌ လေးပြင်းတိုက်ခတ်မှုကြောင့် သွပ်အမိုးလန်သွားသည့် အိမ်ထောင်စု (၁) စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ(၄၅,၀၀၀/-) ကျပ်နှင့် အိမ်ထောင်စု(၁)စု၊ လူဦးရေ(၂)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၄,၂၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ ငွေ(၄၉,၂၀၀/-) ကျပ်နှင့် (၁၁-၄-၂၀၂၀)ရက်နေ့တွင် နမ့်စန်မြို့နယ်၊ ခိုလမ်မြို့၊ အမှတ် (၃) ရပ်ကွက်၌ မီးလောင်ကျွမ်းမှုကြောင့် ဘေးသင့်အိမ်ခြေ (၁ )လုံး၊ အိမ်ထောင်စု ( ၁) စု မှ လူဦးရေ (၃) ဦး အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၆,၃၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၆,၃၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၂၂) မျိုးပါ ပုံး(၁)ပုံး တို့အား (၁၂-၄-၂၀၂၀) ရက်နေ့၊ (၁၅:၀၀)နာရီအချိန်တွင် ဘေးသင့်ပြည်သူများထံသို့ သွားရောက်ထောက်ပံ့ပေးအပ် ခဲ့ကြောင်း သိရှိရပါသည်။

#ha_sgw_fir
#shn_apr2020

Source: လွိုင်လင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events