Covid-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၄-၂၀၂၀) ရက်နေ့တွင် ခရိုင် / မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သံတွဲမြို့နယ် သိမ်ကုန်းကျောင်းနာယကဆရာတော်၊ BHN Association INGO(ဂျပန်) နှင့်ပူးပေါင်း၍ ရွှေချောင်းပြင်ကျေးရွာ၌ နံနက်(၀၈း၀၀)အချိန်မှ(၀၈း၄၅)အချိန်အထိ လည်းကောင်း၊ နံနက်(၁၀း၀၀)အချိန်မှ(၁၁း၀၀)အချိန်ထိ ခြံပြင်ကျေးရွာတွင် လည်းကောင်း၊ နေ့လည်(၁၂း၃၀)မှ(၁၃း၃၀)အချိန်ထိ နစားပြင်ကျးရွာတွင် လည်းကောင်း လှည့်လည်ပြီး Covid-19 ရောဂါ ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပန်ကြားချက်များအား ပြည်သူလူထုသို့အသိပညာပေးလှည့်လည် ဟောပြောခြင်းနှင့်လက်ကမ်းစာစောင်များဝေငှဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။

Source: သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#rke_apr 2020

Sign Up

Upcoming Events