
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၄-၂၀၂၀) ရက်နေ့၊ နံနက် (၀၈:၀၀) အချိန်မှ (၁၃:၀၀) အချိန်အထိ ကျန်းမာရေးဌာနမှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးနှင့်အတူ ပူးပေါင်း၍ ရေပုတ် ကျေးရွာ အုပ်စုရှိ ရေပုတ်ကျေးရွာနှင့် ဇီးဖြူကောင်းကျေးရွာ၊ အနောက်ကံတွင်းကျေးရွာအုပ်စုရှိ အနောက်ကံတွင်း ကျေးရွာနှင့် သဖန်းတုံးကျေးရွာတို့တွင် လှည့်လည်၍ Covid-19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန် အချက်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဆိပ်ဖြူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#mgy_apr2020