Covid-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၁၂-၄-၂၀၂၀) ရက်နေ့တွင် ဘိုကလေးမြို့နယ်၊ သူဇာဝကျေးရွာအုပ်စု၊ သူဇာဝကျေးရွာတွင် (၁၀:၀၀)နာရီ၌ လည်းကောင်း၊ ဟင်္သာတစုကျေးရွာတွင် (၁၂:၃၀) နာရီ၌ လည်းကောင်း၊ သံကြိုးတိုင်ကျေးရွာတွင် (၁၄:၀၀)နာရီ၌ လည်းကောင်း Covid- 19 ကူးစက်ရောဂါနှင့်ပတ်သက်ပြီး ဆောင်ရန်/ ရှောင်ရန်အချက်များကို နှိုးဆော်ခြင်းအား ကျန်းမာရေးဌာနမှတာဝန်ရှိသူများ ကျေးရွာရှိအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့်အတူ ကျေးရွာနေပြည်သူတို့အား အသိပညာပေး‌ခြင်းများဆောင်ရွက်ခဲ့ ပါကြောင်း သတင်းရရှိပါသည်။

Source: ဘိုကလေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ar
#ayy_apr 2020

Sign Up

Upcoming Events