မီးဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရေဦးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၄-၂၀၂၀) ရက်နေ့၊ (၁၈:၃၀)နာရီ အချိန်တွင် ဒီပဲယင်းမြို့နယ်၊ ဆည်တောကျေးရွာအုပ်စု၊ မြေနီကောတောတိုက်၌ ဖြစ်ပွားသော မီးဘေးကြောင့် ဘေးသင့်အိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု (၁) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၇) မျိုး (၁) အိမ်ထောင်စာ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် ဘေးသင့်လူဦးရေ (၃) ဦး အတွက် ဆန်ရိက္ခာ (၇) ရက်စာဖိုးထောက်ပံ့ငွေ (၆,၃၀၀/-) ကျပ်တို့အား (၁၂-၄-၂၀၂၀) ရက်နေ့ (၁၁:၃၀) နာရီတွင် ဘေးသင့်‌ပြည်သူများထံ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ရေဦးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ar
#sgg_apr2020

Sign Up

Upcoming Events