
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကဝမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၄-၂၀၂၀) ရက်နေ့တွင် ကဝမြို့နယ်၊ အုန်းနှဲကျေးရွာ မိုးဂနိမ်းကျေးရွာ၊ ခမေကြီးကျေးရွာ၊ ခမေရိုးကျေးရွာနှင့် စမူဆာကွေ့ (ထွေအုပ်ဝန်ထမ်း အိမ်ယာရှေ့) တို့တွင် Covid-19 ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရန် ပြည်သူအသိပညာပေးပန်ကြား ချက်များ၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော လက်ကမ်းစာစောင်များအား ဝေငှပေးခြင်းများ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကဝမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#bgo_apr2020