မီးဘေးသင့်ပြည်သူများအား ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၁၀-၄-၂၀၂၀)ရက်နေ့ (၁၇:၃၀)နာရီအချိန်၌ လပွတ္တာမြို့နယ်၊ ကသဘောင်းကျေးရွာအုပ်စု၊ ကသ‌ဘောင်းကျေးရွာတွင် ဖြစ်ပွားခဲ့သော မီးလောင်မှုကြောင့် မီးဘေးသင့်ခဲ့သောအိမ်ခြေ(၄)လုံး၊ လူဦးရေ(၂၀)ဦးတို့အတွက် အိမ်ထောင်စု(၄)စုစာ ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (၄)စုံ၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၄၀၀၀၀၀/-)ကျပ်၊ ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံ့ငွေ (၄၂၀၀၀/-)ကျပ်၊ စုစုပေါင်း (၄၄၂၀၀၀/-)ကျပ်အား (၁၂-၄-၂၀၂၀) ရက်နေ့၊(၁၀း၁၅) နာရီအချိန်တွင် ဧရာဝတီတိုင်း‌ဒေသကြီးအစိုးရအဖွဲ့၊စည်ပင်သာယာ‌ရေးဝန်ကြီး၊ တိုင်း‌ဒေသကြီးလွှတ်‌တော်ကိုယ်စားလှယ်၊ လပွတ္တာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှခရိုင်အုပ်ချုပ်‌ရေးမှူး‌၊‌ကသ‌ဘောင်းကျေးရွာအုပ်ချုပ်‌ရေးမှူးတို့နှင့်အတူ ဘေးသင့်ပြည်သူများထံသို့ သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_fir
#ayy_apr 2020

Sign Up

Upcoming Events