လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၁၁-၄-၂၀၂၀)ရက်နေ့တွင် သောက်ရေရှားပါးမှုတွေ့ကြုံနေရသည့် ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၊ ချောင်းဝကျေးရွာရှိ ပြည်သူများ လက်ဝယ်သို့ သောက်သုံးရေ ရေဂါလန် (၁၈၀၀)ကို သွားရောက် လှူဒါန်းခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_drg
#tny_ apr 2020