လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုးမိတ် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် လူမှုဝန်ထမ်းဦးစီးဌာန၊ ကရုဏာသုခကျန်းမာရေးစောင့်ရှောက်မှုအသင်းတို့နှင့် ပူးပေါင်း၍ (၁၁-၄-၂၀၂၀) ရက်နေ့၊ (၁၁:၀၀)နာရီမှ(၁၅:၀၀)နာရီအထိ မိုးမိတ်မြို့နယ်၊ ဆယ်ဦးကျေးရွာ၊ ရွှေသဲကျေးရွာ၊ ကြိမ်တောကျေးရွာ၊ ပသင်ကျေးရွာနှင့် ရေတံခွန်ကျေးရွာတို့တွင် အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ (COVID-19) ကူးစက် ပျံ့နှံ့မှုများမဖြစ်စေရေးအတွက် လိုက်နာဆောင်ရွက်ရန်လိုအပ်ချက်များအား ပြည်သူသို့ပန်ကြားခြင်းအစီအစဉ်ကို ဆောင်ရွက် ခြင်း၊ လက်ကမ်းစာစောင်များမျှဝေခြင်းနှင့် အသိပညာပေး ဗွီနိုင်းပိုစတာ ဆိုင်းဘုတ်များ ကပ်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။
#ar
#shn_apr2020
Source: မိုးမိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)