

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၁၁-၄-၂၀၂၀) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်မှ (၁၆:၀၀) နာရီအချိန်အထိ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ လှကဇိုင်းကျေးရွာနှင့် ချောင်းနှစ်ခွကျေးရွာ များတွင် COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များအား ပြည်သူသို့ အသိ ပညာပေးပန်ကြားခဲ့ကြောင်း သိရှိရပါသည်။
#ar
#mon_apr2020
Source: မွန်ပြည်နယ်ဦးစီးမှူးရုံး (ဘစမ)