လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၁၁-၄-၂၀၂၀) ရက်နေ့တွင် ဘုရားကွင်းကျေးရွာအုပ်စု၊ ဘုရားကွင်းကျေးရွာ၊ လူးကြီးကျေးရွာ၊ ဇောင်းတန်းကျေးရွာ၊ မုက္ခာကျေးရွာနှင့် လူတော်စုကျေးရွာအုပ်စု၊ ရှမ်းရွာကျေးရွာ၊ လူတော်စုကျေးရွာ၊ အမြိုင်းကျေးရွာများ၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန် အချက်များကို အသံချဲ့စက်ဖြင့် လှည့်လည်အသိပညာပေး နှိုးဆော်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#ayy_apr2020
Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး(ဘစမ)