လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ခရိုင် / မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သံတွဲမြို့နယ်၊ သိမ်ကုန်းကျောင်းနာယကဆရာတော်၊ BHN Association INGO(ဂျပန်)နှင့်ပူးပေါင်း၍ (၁၁-၄-၂၀၂၀)ရက်နေ့၊ (၀၈:၀၀)နာရီအချိန်မှ (၀၈:၄၅)နာရီအချိန်အထိ အလယ်ရွာကျေးရွာ၌လည်းကောင်း၊ (၁၀:၀၀)နာရီအချိန်မှ (၁၁:၀၀)နာရီအချိန်အထိ ကျွန်းပေါက်ကျေးရွာ၌လည်းကောင်း၊ (၁၂:၃၀)နာရီအချိန်မှ (၁၃:၃၀)နာရီအချိန်အထိ ချောင်းဝကျေးရွာ၌လည်းကောင်း၊ (၁၄:၃၀)နာရီအချိန်မှ (၁၅:၃၀)နာရီအချိန်အထိ နတ်တောင်မော်ကျေးရွာ၌လည်းကောင်း COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန် အချက်များကို လှည့်လည်အသိပညာပေးနှိုးဆော်ခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#rke_apr2020
Source: သံတွဲခရိုင်ဦးစီးမှူးရုံး(ဘစမ)