လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ လပွတ္တာမြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး၊ ပြင်စလူမြို့အုပ်ချုပ်ရေးမှူး တို့နှင့်အတူ(၁၁-၄-၂၀၂၀)ရက်နေ့၊ နံနက်(၀၉:၀၀)နာရီအချိန်တွင် လပွတ္တာမြို့နယ်၊ ပြင်စလူမြို့၊ ရေတွင်းဆိပ်ကျေးရွာအုပ်စု၊ နောက်ဖေးကုန်းကျေးရွာ၊ ကုန်းကြီးအုပ်စု၊ ကန်ကြီးဒေါင့်ကျေးရွာတို့၌ COVID-19ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်၊ ရှောင်ရန်များအား အသိပေး ပြောကြားခြင်း၊ ပြင်စလူမြို့၊ Facility Quarntine center သို့သွားရောက်၍အားပေးစကားပြောကြားခြင်းနှင့် လေပြင်းဘေးဒဏ်ခံနေအိမ် (၁၀၀)လုံး ပြုပြင်ခြင်းအတွက် အိမ်ဆောက်ပစ္စည်းများထောက်ပံ့ခြင်းတို့အားဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#ayy_apr 2020