လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရွှေကူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၄-၂၀၂၀) ရက်နေ့၊ နံနက်(၀၉း၀၀)နာရီအချိန်တွင် ရွှေကူမြို့နယ်၊ အမှတ်(၁) ခုံခမ်းရပ်ကွက်၊ အမှတ်(၂) မော်လမြိုင်ရပ်ကွက်နှင့် အမှတ်(၃) ဆိုင်းကုန်းရပ်ကွက် များအတွင်းသို့ လှည့်လည်၍ အသက်ရူလမ်းကြောင်းဆိုင်ရာကူးစက်ရောဂါ COVID-19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်အချက်များ အသိပညာပေးချင်းကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ရွှေကူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#kcn_apr 2020