Covid-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်နှင့်အတူ (၁၀-၄-၂၀၂၀)ရက်နေ့တွင် ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်၊ မဏ္ဍာပ်ကျေးရွာ၌ (၀၉၀၀)နာရီအချိန်တွင် လည်းကောင်း၊ ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်းမြို့၊ အမှတ် (၃)ရပ်ကွက်၌ (၁၄၀၀)နာရီအချိန်တွင်လည်းကောင်း၊ ဇီးချိုင်ကျေးရွာအုပ်စု၊ ကြာကန်ကျေးရွာ၌ (၁၆၀၀)နာရီအချိန်တို့တွင် လတ်တလောနိုင်ငံအသီးသီးတွင်ကူးစက် ပြန့်ပွားလျက်ရှိသော COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ ရပ်ကွက်နေပြည်သူများအား အသိပညာပေးဟောပြောခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

#ar
#ayy_apr 2020

Sign Up

Upcoming Events