မီးဘေးသင့်ပြည်သူအားထောက်ပံ့မှုသတင်း


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရွှေဘိုခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၄-၂၀၂၀) ရက်နေ့တွင် ရွေဘိုခရိုင်၊ ဝက်လက်မြို့နယ်၊ ရင်းတောကျေးရွာအုပ်စု၊ ထန်းကြီးကျေးရွာ၌ မီးလောင်ကျွမ်းမှုကြောင့် ဘေးသင့်ခဲ့သော မီးဘေးသင့်အိမ်ခြေ (၁ )လုံး အိမ်ထောင်စု( ၁) စုမှ လူဦးရေ (၃)ဦးအတွက် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၆,၃၀၀/-) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၆,၃၀၀/-) ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း ၁၇မျိုး (၁)အိမ်ထောင်စာတို့အား (၁၁-၄-၂၀၂၀) ရက်နေ့၊ (၁၂း၀၀)အချိန်တွင် ဝက်လက်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တဆင့် ဘေးသင့်ပြည်သူထံသို့ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: ရွှေဘိုခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ha_fir
#sgg_apr2020

Sign Up

Upcoming Events