လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် (၁၁-၄-၂၀၂၀)နေ့ နံနက်(၁၀၀၀)နာရီမှ(၁၃၀၀)နာရီအချိန်ထိ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းရှိ ဒါလီကျေးရွာ၊ ရသေ့ကျေးရွာနှင့် ကြာအင်းကြီးကျေးရွာများသို့ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူပူးပေါင်း၍ COVID-19ကူးစက်မြန် အဆုတ်ရောင်ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကြာအင်းဆိပ်ကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#krn_apr 2020