လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉-၄-၂၀၂၀)ရက်နေ့၌ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ အနန်းဘော်ကျေးရွာအုပ်စု၊ သစ်တဲကုန်းကျေးရွာတွင်ဖြစ်ပွားခဲ့သော မီးဘေးမှပျက်စီးနေအိမ် (၁)လုံးအတွက် အိမ်ဆောက် ပစ္စည်းဖိုးထောက်ပံ့ငွေ(၁၀၀၀၀၀/-)ကျပ်၊လူဦးရေ(၅)ဦးအတွက်ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ(၁၀၅၀၀/-)ကျပ်၊စုစုပေါင်းထောက်ပံ့ငွေ(၁၁၀၅၀၀)ကျပ် ကယ်ဆယ် ရေးပစ္စည်း(၁၉)မျိုး(ပလပ်စတစ်ပုံးအပါ)(၁)အိမ်ထောင်စာအား(၁၁-၄- ၂၀၂၀)ရက်နေ့ (၁၀:၀၀)နာရီအချိန်တွင် ကျောက်တံခါးမြို့နယ် အထွေထွေအုပ်ချုပ် ရေးမှူးရုံး၌ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှတာ၀န်ရှိသူများ၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အတူ ပြည်သူလက်၀ယ်အရောက်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကျောက်တံခါးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ha_fir
#bgo_apr 2020