
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဉီးစီးဌာန၊ ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၄-၂၀၂၀) ရက်နေ့၊ နံနက် (၀၈:၀၀) နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ဆင်ပေါင်ဝဲမြို့နယ်၊ ရွှေမောင်းစွန်းကျေးရွာအုပ်စု၊ ရွှေမောင်းစွန်းကျေးရွာ၊ ဆိုင်းစုကျေးရွာ ၊ ရှားတိုင်းကြီး ကျေးရွာနှင့် ဆူးလေကုန်းကျေးရွာများသို့ သွားရောက်ပြီး COVID – 19 ရောဂါကူးစက်ပျံ့နှံ့မှုများနှင့် ပတ်သက်၍ အသိပညာပေးဟောပြောမှုများ ဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ပါ ကြောင်း သတင်းရရှိပါသည်။
Source: ဆင်ပေါင်ဝဲမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#mgy_apr2020