Covid-19 ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ထိန်းချုပ် နိုင်ရေး အများပြည်သူအား အသိပညာပေး လှည့်လည်ဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူ များသည် တာ၀န်ရှိသူများနှင့်ပူးပေါင်း၍ (၁၁-၄-၂၀၂၀)ရက်နေ့၌ တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင် ၊ ရေဖြူမြို့နယ်ရှိ ညင်းထွေး၊ ကျောက်ထောက်၊ နတ်တွင်း၊ ဆင်ပုနှစ်ကျေးရွာတို့တွင် လက်ကိုင်စပီကာ ၊ လော်စပီကာတို့ဖြင့် (Covid-19) လတ်တလော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန် အများပြည်သူသို့ အသိပညာပေးပန်ကြားချက်များအား လှည့်လည်ကြေညာခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)

#ar
#tny_apr 2020

Sign Up

Upcoming Events