
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၄-၂၀၂၀) ရက်နေ့တွင် ကသာမြို့နယ်၊ မိုးတားလေးအုပ်စု၊ ဂျပန်ကျွန်းတွင် မိုးကြိုးဘေးကြောင့် နေအိမ်(၁)အိမ် မီးလောင်ခြင်း၊ လူ(၁)ဦးသေဆုံးခြင်း၊ ဒဏ်ရာရ ဆေးရုံတက်ရောက်ကုသသည့် လူနာ(၁) ဦး၊ ဘေးသင့်လူဦးရေ (၁) ဦးစသည်တို့အတွက် မီးလောင် အိမ်ထောင်စု(၁)စုအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၀၀,၀၀၀/-) ကျပ်နှင့် ဆန်ရိက္ခာဖိုး ထောက်ပံ့ငွေ (၂,၁၀၀/-)ကျပ်၊ မိုးကြိုးထိမှန်သေဆုံးသူ (၁) ဦးအတွက် ထောက်ပံ့ငွေ (၃၀၀,၀၀၀/-) ကျပ်၊ ဒဏ်ရာရဆေးရုံတက်ရသူ(၁)ဦးအတွက် ထောက်ပံ့ငွေ (၅၀,၀၀၀/-)ကျပ်၊ စုစုပေါင်း(၄၅၂,၁၀၀/-)ကျပ် နှင့်Family kits (၁)ပုံးတို့အား ဘေးသင့်ပြည်သူထံသို့ (၁၀-၄-၂၀၂၀)ရက်နေ့ ၊(၁၅း၀၀) နာရီအချိန်တွင် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ကသာခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_tls
#sgg_apr2020