
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၄-၂၀၂၀)ရက်နေ့၊ နံနက်(၀၈း၀၀) နာရီမှ (၁၁း၃၀) နာရီအချိန်ထိ လပွတ္တာမြို့နယ် ၊လပွတ္တလုပ်ကျေးရွာအုပ်စု၊ လပွတ္တာလုပ်တောင် ကျေးရွာနှင့် လပွတ္တာလုပ်မြောက်ကျေးရွာများသို့ သွားရောက်၍ COVID-19 နှင့် ပတ်သက်၍ ဆောင်ရန်/ ရှောင်ရန်များအား လိုက်နာဆောင်ရွက်သွားကြရန် လှည့်လည်၍ အသိပေးဟောပြောခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: လပွတ္တာခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ar
#ayy_apr2020