လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘောလခဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၉-၄-၂၀၂၀)ရက်နေ့တွင် ဘောလခဲမြို့နယ်၊ ဘူးခူကျေးရွာအုပ်စု၊ ဘူးခူ(ထားလဲ)ကျေးရွာတွင် သောက်သုံးရေဂါလန်(၁၆၀၀)ကို သွားရောက်လှူဒါန်း ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ဘောလခဲခရိုင်ဦးစီးမှူးရုံး (ဘစမ)
#ha_drg
#kyh_ apr 2020