
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာန၊ ရေစကြိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၄-၂၀၂၀) ရက်နေ့တွင် (၁၉း၀၀) နာရီအချိန်မှ စတင်၍ (၂၃း၀၀) အချိန်ထိ ရေစကြိုမြို့ပေါ်ရှိ ရပ်ကွက်(၈)ရပ်ကွက်အတွင်း COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက်ရန်များကို လောစပီကာဖြင့် အသိပေးနှိုးဆော်ခြင်းများ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
#ar
#mgy_apr2020