Covid-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ သံတွဲခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သံတွဲမြို့နယ် သိမ်ကုန်းကျောင်းနာယကဆရာတော်၊ BHN Association INGO (ဂျပန်)၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့တို့နှင့် ပူးပေါင်း၍ (၁၀- ၄- ၂၀၂၀)ရက်နေ့၊ညနေ(၁၈:၀၀)နာရီမှ (၂၁:၃၀)နာရီချိန်ထိ သံတွဲခရိုင်၊ငပလီမြို့၊ ဇီးဖြူကုန်းရပ်ကွက်၊ ဂေါ့ရပ်ကွက် အတွင်းလှည့်လည်ပြီး ကိုရိုနာဗိုင်းရပ်စ် ရောဂါ/ Covid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပန်ကြား ချက်များအားပြည်သူလူထုသို့အသိပညာပေးလှည့်လည် ဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဝေငှဖြန့်ဝေပေးခြင်းများဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source:သံတွဲခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#rke_apr 2020

Sign Up

Upcoming Events