Covid-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၄-၂၀၂၀)ရက်နေ့တွင် သာစည်မြို့နယ်၊ ရှိလှိုင်းတက်၊ ပြည်ညောင်၊ ငှက်မင်းကုန်း၊ ကန်ရှည်၊ ကျွဲတက်ဆုံ၊ ကြာဖက်ကုန်းကျေးရွာအုပ်စုများရှိ ကျေးရွာ(၂၃)ရွာမှ‌ ကျေးရွာတာဝန်ခံများနှင့်ပူးပေါင်း ကျေးရွာပြည်သူများအား COVID-19 ရောဂါကူးစက်ပျံ့နှံမှုများမဖြစ် ပွားစေရန်အတွက် ဆောင်ရန်၊ ရှောင်ရန်များကို အသိပေး နှိုးဆော်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: မိတ္ထီလာခရိုင်ဦးစီးမှူးရုံး (ဘစမ)

#ar
#mdy_apr 2020

Sign Up

Upcoming Events