Covid-19 ရောဂါနှင့်ပတ်သက်၍ ပြည်သူများအား အသိပညာပေးလုပ်ငန်းဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့နှင့်ပူးပေါင်း၍ (၁၀-၄-၂၀၂၀) ရက်နေ့တွင် ကွင်းကောက်တောင်ကျေးရွာအုပ်စု၊ ကွင်းကောက်တောင်ကျေးရွာ၊ ရွာသစ်ကုန်းကျေးရွာ၊ ရွာသာကုန်းကျေးရွာ၊ ရွာလေးကျေးရွာ၊ စံပြကျေးရွာ၊ ဉယျာဉ်ရပ်ကျေးရွာများနှင့် ကွင်းကောက်မြောက်ကျေးရွာအုပ်စု၊ ကွင်းကောက်မြောက် ကျေးရွာများအတွင်းရှိ ပြည်သူများအားCovid-19 ကာကွယ်၊ တားဆီး၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အသိပညာပေး ဆောင်ရန်/ရှောင်ရန်အချက်များကို ပြည်သူများ အလွယ်တကူသိရှိ လိုက်နာ နိုင်ရေးအတွက်လှည့်လည်၍ အသံချဲ့စက်ဖြင့် အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများအား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

Source: အင်္ဂပူမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

#ar
#ayy_apr 2020

Sign Up

Upcoming Events